ကွန်ပျူတာကို မြန်မြန်ပိတ်ရအောင် (Windows PC)

သင်ဟာ ကွန်ပျူတာကို shut down ချဖို့ ခလုတ်ကို နှိပ်လိုက်ပြီဆိုရင် သူက running services တွေကို သွားပါတယ်။ Run နေတဲ့ Services တွေကို အရင်ပိတ်ပါတယ်။ အကယ်၍ run နေတဲ့ services တွေ program တွေမရှိဘူးဆိုရင်တော့ shut down ကျချိန်ဟာ ပုံမှန်အားဖြင့် Windows 7 ဆို 12 seconds ၊ Windows 8 ဆို 6 seconds ကြာလေ့ရှိပါတယ်။ အကယ်၍ တခြား services တွေကို run နေရင်လည်း force stop ပေးပြီး shut down ချရင် ရပါတယ်။ မဟုတ်ရင်တော့ run နေတဲ့ services တွေ၊ program တွေ ပိတ်သွားပြီးမှ shut down ချတဲ့ ကြာချိန်ကို ထပ်စောင့်ရတာပါ။

ကဲ အဲဒီတော့ shut down ကြာချိန် ကို ဘယ်လို ထပ်လျှော့ချမလဲ ဆိုတာလေးကို ဒီကနေ့ ပြောပြချင်တာပါ။ လုပ်ရတာလေးရက လွယ်ပါတယ်။ Registry ထဲမှာ ၀င်ပြင်ပေးရတာပါ။ အဲဒီတော့ တစ်ခုတော့ သတိထားစေ ချင်ပါတယ်။ မမှားယွင်းရလေအောင် သေသေချာချာ ဖတ်ပြီး စမ်းစေချင်ပါတယ်။

၁) Start Menu ထဲကနေ Run ကို ဖွင့်ပါ။ [Windows key ရယ် R ရယ် တွဲနှိပ်ရင်လည်း ရပါတယ်။]

၂) Run box ထဲမှာ regedit ကို ရိုက်ထည့်လိုက်ပါ။

၃) ပြီးရင်တော့ ဒီအတိုင်းလေးအတိုင်းသွားပါ။ 
HKEY_LOCAL_MACHINE > SYSTEM > CurrentControlSet > Control

၎) Control ဆိုတာပွင့်လာပြီဆိုရင် ညာဘက်အထဲမှာ WaitToKillServiceTimeout ဆိုတာလေးကို double-click နှိပ်ပါ။ သူ့ရဲ့ value ကို 2000 သို့ ပြောင်းထည့်ပေးလိုက်ရုံပါပဲ။


ကဲ ဒါဆို သင်ကွန်ပျူတာ ပိတ်ချိန်ဟာ ၂ စက္ကန့်ပဲ ကြာတော့မှာပါ။ စမ်းကြည့်နော်။ အားလုံး အဆင်ပြေကြပါစေ။


ဆက်လက်မျှဝေပါဦးမည်။
ကျေးဇူးတင်စွာဖြင့်
iTFree4U

0 comments:

Post a Comment