နှလုံးသားနူးညံ့စေသော စာစုများ (သို့မဟုတ်) နှလုံးသားအာဟာရ



ကျွန်တော် အမြဲတမ်း ပြောနေကျ စကားလေးတစ်ခွန်း ရှိပါတယ်။ ဘယ်လူမျိုးနဲ့ တွေ့တွေ့၊ ဘယ်နိုင်ငံ ရောက်ရောက် ကျွန်တော် ပြောပါတယ်။ ငါဟာ ရင်ဘတ်(နှလုံးသား)ရယ်၊ ခေါင်း(ဦးဏှောက်) ရယ် ကို ဦးစားပေးပြီး ဖြည့်တည်းတယ်။ လောကမှာ လူတစ်ယောက်ဟာ ငွေဘယ်လောက် ချမ်းသာချမ်းသာ စာနာနားလည် တတ်တဲ့ နှလုံးသားတစ်စုံ၊ အမှား/အမှန်ကို ဝေဖန်ပိုင်းခြားတတ်တဲ့ ပညာကို တတ်မြောက်ထားခြင်းမရှိတဲ့ ဦးဏှောက်တစ်လုံး မရှိဘူးဆိုရင် အဲဒီလူဟာ လောကအတွက် အလကားလူပဲ။ ဒါဟာ ကျွန်တော့်ရဲ့ အတွေးအခေါ် ယူဆချက်ပါ။ သူငယ်ချင်းတို့နဲ့လည်း ကွဲလွဲကောင်း ကွဲလွဲနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲလို ကျွန်တော့်နှလုံးသား နူးညံ့လာအောင် ပြုပြင်ပြောင်းလဲပေးခဲ့တဲ့ စာအုပ်လေးတွေကတော့ ဆရာဖေမြင့်ရဲ့ နှလုံးသားအာဟာရများဆိုတဲ့ ပုံပြင်တို/စာစုများပါပဲ။

ကျွန်တော်ဟာ ငယ်ငယ်က စာဖတ်တာ ပျင်းပါတယ်။ ဒါပေမယ့် ဒီလို စာအုပ်ကလေးတွေ ဖတ်မိတဲ့အချိန် ကစပြီး စာဖတ်ဝါသနာ ပါခဲ့တာ အခုဆို စာမဖတ်ရရင် အိပ်မပျော်တဲ့အထိ ၀ါသနာရှိနေပါပြီ။ စာပေရဲ့ အကျိုးကျေးဇူးကို ကောင်းစွာ နားလည်နေပါပြီ။ ဒါကြောင့် သူငယ်ချင်းတို့ကိုလည်း မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိရဲ့ သားသမီး/ညီအစ်ကိုမောင်နှမများကိုသော်လည်းကောင်း ပြန်လည် ပြောပြနိုင်မယ့် ပုံပြင်ပတ်စ/စာစုများဖြစ်တဲ့ ဆရာဖေမြင့် နှလုံးသားအာဟာရစာအုပ်များကို စုစည်းပေးလိုက်ပါတယ်။

နှလုံးသားအာဟာရ(ပထမတွဲ)
နှလုံးသားအာဟာရ ရသစာပေများ(၁)
နှလုံးသားအာဟာရ ရသစာပေများ(၂)
နှလုံးသားအာဟာရ ရသစာပေများ(၃)


ကျေးဇူးတင်စွာဖြင့်
iTFree4U

0 comments:

Post a Comment