Windows 8 အတွက် နည်းလမ်းလေးများ (၁)

ဒီတစ်ခါတော့ Windows 8 နဲ့ပတ်သက်တဲ့ ကလိဖို့ နည်းလမ်းလေးများကို အပိုင်းကလေးများ ခွဲပြီး ပြန်လည်မျှဝေသွားပါ့မယ်။ ကျွန်တော် ဒီနေရာမှာ တစ်ခု တောင်းပန်ရင်း ပြောပါရစေ။ ကျွန်တော်တို့လို ဘလော့ခ် ရေးတဲ့ သူတွေဆိုတာ ပညာရှင်တွေ ရှိသလို ၀ါသနာရှင်တွေလည်း ရှိပါတယ်။ ပညာရှင်ဖြစ်စေ၊ ၀ါသနာရှင်ဖြစ်စေ မိမိသိသလို မိမိလူမျိုးဖြစ်တဲ့ မြန်မာလူမျိုး များအတွက် အကျိုးပြုအောင် မိမိသိတဲ့ တတ်တဲ့ပညာကို အများသိအောင် ပြန်လည်မျှဝေခြင်းနေခြင်းဖြစ်ပါတယ်။ အခုလို ပြန်လည် မျှဝေနေ တဲ့နေရာမှာ ဘယ်လို နည်းနဲ့ မျှဝေမျှဝေ အဓိက ကတော့ မိမိနိုင်ငံ တိုးတက်အောင် မိမိတတ်နိုင်တဲ့ဘက် ကနေ သဲတစ်ပွင့် အုပ်တစ်ချပ် ပါဝင်လုပ်အားပေးနေခြင်းဖြစ်ပါတယ်။ ဒါကို ဘေးထိုင် ဘုပြောနေမယ့် အစား မိမိကိုယ်တိုင်လည်း မိမိ နိုင်ငံကို တကယ်ချစ်တယ်ဆိုရင် နိုင်ငံတိုးတက်လာအောင် ဘယ်က တတ်နိုင် တတ်နိုင် တတ်နိုင်တဲ့ဘက်ကနေ တစ်တပ်တအား ၀င်ရောက်ကူညီကြပါလို့ တောင်းပန် တိုက်တွန်းလိုပါတယ်ဗျာ။

ကဲ လိုရင်းလေးသွားကြရအောင်နော်။ ပထမဆုံးအနေနဲ့ Windows 8 ရဲ့ Lock Screen Image ကို Lock ချတဲ့ နည်းလမ်းလေးကို ပြောပြချင်ပါတယ်။ မိမိကွန်ပျူတာကို တပါးသူနဲ့ မျှသုံးတဲ့အခါဖြစ်ဖြစ်၊ အများသုံး နေတဲ့ ကွန်ပျူတာမှာဖြစ်ဖြစ် မိမိကြိုက်တဲ့ Lock Screen Image လေးကို အမြဲတမ်း ဘယ်သူမှ မပြောင်းစေဘဲ Lock ချချင်တဲ့ သူများအတွက်ပါ။

၁) Desktop ရဲ့ ညာဘက်အပေါ်ထောင့်လေးကို Mouse Cursor လေးကို ရွှေ့သွားလိုက်ပါ။ ပေါ်လာတဲ့ Charm bar ထဲကနေ Search ကို ဖွင့်ပါ။

၂) Windows Registry Editor ကို ဖွင့်ဖို့အတွက် regedit ဆိုပြီး ရိုက်ထည့်လိုက်ပါ။
[Window Key + R ကို နှိပ်ပြီး regedit ရိုက်ထည့်ပြီး Enter ခေါက်လည်း ရပါတယ်]
၃) Yes ဆိုတာလေးကို နှိပ်ပြီး ဆက်သွားမယ်နော်။
၎) အောက်ပါ လမ်းကြောင်းလေးအတိုင်း ၀င်သွားလိုက်ပါ။
HKEY_LOCAL_MACHINE\SOFTWARE\Policies\Microsoft\Windows\Personalization
၅) ကဲ အဲဒီ Personalization ဆိုတဲ့ Key လေးရှိမနေဘူးဆိုရင် Windows ကို ဖွင့်ပြီး ညာဖက် Panel(ကွက်လပ်လွတ်) ပေါ်မှာ R-Click ကို နှိပ်ပြီး New ထဲက Key ဆိုတာကို ဖွင့်ပြီး Personalization ဆိုတာ ရိုက်ထည့်ပြီး အသစ် ဖန်တီးလိုက်ပါ။
၆) ပြီးရင်တော့ R-Click ထဲက New > DWORD Value ဆိုတာကို ရွေးပြီး NoChangingLockScreen ဆိုပြီး ရိုက်ထည့်လိုက်ပါ။
၇) ပြီးရင် Modify လုပ်ဖို့ double-click နှိပ်ပြီး ဖွင့်လိုက်ပါ။ ပြီးရင်တော့ activate ဖြစ်ဖို့ 1 ဆိုပြီး ရိုက်ထည့်လိုက်ပါ။ ပြီးရင်တော့ OK နှိပ်လိုက်ပါ။
၈) အားလုံးပြီးရင်တော့ Windows ကို Logout လုပ်ပြီး Restart ချလိုက်ပါ။ ဒါဆို မိမိ သတ်မှတ်ထားတဲ့ Lock Screen Image ကို ဘယ်သူမှပြောင်းလို့ မရတော့ပါဘူးဗျာ။ ကဲ စမ်းကြည့်ကြနော်။


ကျေးဇူးတင်စွာဖြင့်
iTFree4U

0 comments:

Post a Comment