Multiple ISO တွေကို စုပြီး Bootable USB ဖန်တီးကြည့်ရအောင် [XBOOT v1.0 beta]

ကဲ သူငယ်ချင်းတို့ကို XBOOT ဆိုတဲ့ Multiple OS တွေကို USB တစ်ချောင်းထဲကို ပေါင်းပြီး bootable ဖြစ်အောင် ဖန်တီးပေးတဲ့ Software လေးကို မိတ်ဆက်ပေးချင်ပါတယ်။ အဲဒီတော့ OS တွေ တင်ဖို့အတွက် တစ်ကြိမ်ပြီး တစ်ကြိမ် Bootable USB လုပ်နေစရာမလိုတော့ဘူးပေါ့။ ဒါပေမယ့် ဒီ Software လေးကတော့ v1.0 beta ပဲ ရှိသေးတဲ့အတွက် အားနည်းချက်တွေတော့ ရှိနေနိုင်ပါတယ်။ သုံးနည်းလေးကိုတော့ ပုံနဲ့တကွ တင်ပေးထားပါတယ်။ ကျွန်တော် စမ်းသုံးကြည့်သလောက်တော့ အိုကေနေပါတယ်။ သူငယ်ချင်းတို့လည်း သုံးကြည့်ပြီးရင် အားနည်းချက်/အားသာချက်တွေကို comment ထဲမှာ ရေးပေးခဲ့ပါနော်။ အားလုံး အဆင်ပြေကြပါစေ။

ပထမဆုံး လုပ်ရမှာကတော့ ထည့်ချင်တဲ့ OS တွေ Drag ဆွဲထည့်ပါ။ ပြီးရင် Create USB လေးကို နှိပ်ပါ။
နောက်တဆင့်ကတော့ USB ကို ရွေးပေးပါ။ Bootloader ကို ရွေးပေးပါ။ ပြီးရင်တော့ OK လေး နှိပ်လိုက်ရုံပါပဲ။
Complete ဖြစ်သွားပြီဆိုရင်တော့ OS တွေထည့်ထားတဲ့ bootable USB လေးတစ်ချောင်း ရပြီပေါ့ဗျာ။

XBOOT v1.0 beta ဒေါင်းယူရန်


ကျေးဇူးတင်စွာဖြင့်
iTFree4U

0 comments:

Post a Comment