Windows 8 အတွက် နည်းလမ်းလေးများ(၂)

Windows 8 ရဲ့ နောက်ထပ် ပါဝင်တဲ့အချက်တစ်ချက်ကတော့ User Login Accounts တွေ ဖော်ပြ ထားမယ့် Lock Screen ပါ။ User တွေက မိမိရဲ့ မှတ်တမ်း၊ စိတ်ကြိုက်ဖန်တီးထားတဲ့ Display နဲ့ Record တွေကို Account လေးတွေ ခွဲပြီး သီးသန့်စီ ခွဲထားတတ်ကြပါတယ်။ အထူးသဖြင့် ရုံးတွေ/ကျောင်းတွေ ထဲမှာ အဲလို Login Account လေးတွေ ခွဲထားကြတော့ မိမိရဲ့ User အကောင့်တွေကို တခြား User မမြင်အောင် ဘယ်လို ဖျောက်ထားမလဲဆိုတာလေးကို တင်ပြချင်တာပါ။

ဒီနေရာမှာ တစ်ခုတော့ ရှိတာပေါ့နော်။ မိမိရဲ့ အဲဒီ ဖျောက်ထားတဲ့ အကောင့်ကိုတော့ ၀င်လို့တော့ မရတော့ဘူး ပေါ့။ ၀င်ချင်ရင် တခြား Administrator အကောင့်ရှိဖို့တော့ လိုအပ်ပါတယ်။ ဒါမှ အဲဒီဖျောက်ထားတဲ့ အကောင့်ကို ပြန်ဖော်လို့ ရမှာလေ။ အဲဒါလေးတစ်ခုတော့ သတိထားစေချင်ပါတယ်။ တခြားတစ်ချက်ကတော့ ဒီနည်းလမ်းလေးများက Windows Registry ကို ပြုပြင်ပြောင်းလဲ ရတဲ့အတွက် သတိထားပြီး သုံးစေချင်ပါတယ်။ အမှားအယွင်း မရှိရလေအောင် Windows Registry Editor ထဲကနေ File --> Export ဆိုတာလေးကို နှိပ်ပြီး Back up အရင်လုပ်ထားစေချင်ပါတယ်။

ကဲ ဘယ်လို မိမိရဲ့ User Login Account ကို Lock Screen ကနေ ဖျောက်ထားမလဲ။
၁) Registry Editor ကို ဖွင့်ပါ။ [Run Box ကနေ regedit နဲ့ဖွင့်ဖွင့်၊ Search ကနေ regedit နဲ့ ဖွင့်ဖွင့်ရပါတယ်]
၂) HKEY_LOCAL_MACHINE အောက်ကနေ အောက်ပါလမ်းကြောင်းအတိုင်း ရောက်အောင်သွားပါ။
SOFTWARE\Microsoft\Windows NT\CurrentVersion\Winlogon



၃) ညာဖက် panel မှာ R-click နှိပ်ပါ။ New > Key လေးရွေးပြီး SpecialAccounts လေး ရိုက်ထည့်လိုက်ပါ။ အဲဒီအောက်မှာ နောက်ထပ် New > Key လေးတစ်ခုနဲ့ UserList လေးတစ်ခု ထပ် ဖန်တီးပါ။

၎) ပြီးရင်တော့ အဲဒီ UserList ရဲ့ ညာဖက် Panel မှာမှ New > DWORD Value လေးရွေးပြီး မိမိ User Account ရဲ့ နာမည်အတိအကျကို ရိုက်ထည့်ပါ။
ပြီးရင်တော့ Registry Editor လေးပိတ်ပြီး Restart ချလိုက်ပါ။ မိမိရဲ့ User Account လေး LockScren ကနေ ပျောက်သွားပါပြီ။ အားလုံး အဆင်ပြေကြပါစေ။


ကျေးဇူးတင်စွာဖြင့်
iTFree4U

0 comments:

Post a Comment